📌နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့ Zifam Pyrex Myanmar Co., Ltdကို လှည့်လည်ကြည့်ရှု

📌နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့သည် ယနေ ၂၀၁၉ခုနှစ် သြဂုတ်လ၊ ၂၁ရက် (ဗုဒ္ဒဟူး)နေ့တွင် ရန်ကုန်မြို့၊ သန်လျင်မြို့နယ်၊ သီလဝါအထူးစီးပွားရေးစက်မှုဇုန်(အေ)အတွင်းရှိ Zifam Pyrex Myanmar Co., Ltd. Beta Lactam Plantစက်ရုံကို လှည့်လည်ကြည့်ရှုခဲ့ပါသည်။ 
📌Zifam Pyrex Myanmar Co., Ltd. မှ Director ဒေါက်တာခင်သီရိမှ စက်ရုံအတွင်း ဆေးဝါးထုတ်လုပ်မှုလုပ်ငန်းစဉ်များ၊ ရည်ရွယ်ချက်များနှင့် အရည်သွေးဆိုင်ရာ စံနှုန်းများပြည့်မီအောင် စီစဉ်ထားပုံများကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့အား ရှင်းလင်းပြောကြားခဲ့ပါသည်။ 
📌ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့သည် Zifam Pyrex Myanmar Co., Ltd. Beta Lactam Plant စက်ရုံအတွင်း လှည့်လည်ကြည့်ရှု၍ အလုပ်သမားများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။ 
📌 Zifam Pyrex Myanmar Co., Ltdသည် Zifam Company နှင့် Pyrex Trading Company တို့ အကျိုးတူပူးပေါင်းတည်ဆောက်ထားသည့် Beta Lactam ပဋိဇီဝ ပိုးသတ်ဆေးများကို ထုတ်လုပ်သော ဆေးဝါးစက်ရုံတစ်ခုဖြစ်ပါသည်။