ဒီနေ့ ၂၀၂၀ ခုနှစ်၊ မေလ (၁၅) ရက်နေ့ဟာ International Day of Families (အပြည်ပြည်ဆိုင်ရာမိသားစုဝင်များနေ့) ဖြစ်ပါတယ်။ International Day of Families (အပြည်ပြည်ဆိုင်ရာမိသားစုဝင်များနေ့) အဖြစ် ၁၉၉၄ ခုနှစ်၊မေလ (၁၅) ရက်မှစတင်ကျင်းပခဲ့တာ ဒီနေ့နဲ့ဆိုရင် ၂၆ ကြိမ်မြောက်ရှိခဲ့ပါပြီ။
အခုလို WHO မှ Covid-19 ရောဂါကို ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာထားတဲ့အချိန်မှာ မိသားစုတိုင်း လူမှုရေးအခက်အခဲ၊ စီးပွားရေး အကျပ်အတည်းများကို အနည်းနဲ့အများရင်ဆိုင်ကြရပါတယ်။ ဒီလို အခက်အခဲ ကြုံတွေ့ရတဲ့အချိန် အခိုက်အတန့်လေးကို မိသားစုဝင်များ ရဲ့နွေးထွေးသောချစ်ခြင်းမေတ္တာနဲ့ တစ်ဦးကိုတစ်ဦး ဂရုစိုက်ဖေးမကူညီ ခြင်းဖြင့် Covid-19 ကပ်ရောဂါအချိန်ကို အကောင်းဆုံးကျော်ဖြတ် နိုင်ကြပါစေ။
သာယာချမ်းမြေ့သောနေ့ရက်များကိုမိသားစုဝင်များနှင့်အတူ အနာရောဂါကင်းစင်ပြီး ကျန်းမာပျော်ရွှင်နိုင်ကြပါစေလို့ Zifam Myanmar မှ ထပ်လောင်းဆုမွန်ကောင်းတောင်းပေးပါရစေ . .