International Stress Awareness Day

ဘဝမှာ Stress ရှိခဲ့လို့ သင်အောင်မြင်ခဲ့တယ်ဆိုတာလက်ခံနိုင်ပါသလား…

✅ စိတ်ဖိစီးမှု (Stress) တွေဟာ အမြဲဆိုးကျိုးတွေသာရှိသည်မဟုတ်ဘဲ အောင်မြင်မှုပန်းတိုင်ဆီ တက်လှမ်းနိုင်တဲ့ လူတိုင်းသည်လည်း စိတ်ဖိစီးမှုတွေကို ရင်ဆိုင်ကျော်ဖြတ်ပြီးမှ အောင်မြင်မှုရရှိလာတာဖြစ်ပါတယ်။

✅ စိတ်ဖိစီးမှုဟာ အောင်မြင်တဲ့လူတွေနဲ့ ခွဲခြားမရအောင် နေ့စဉ်တွေ့ကြုံနေရတဲ့အရာဖြစ်ပြီး စိတ်ဖိစီးမှုဒဏ်တွေကို ခံနိုင်ရည်ရှိကာ အကောင်းဆုံးကျော်ဖြတ်နိုင်မှသာ အောင်မြင်မှုပန်းတိုင်ဆီရောက်နိုင်မှာဖြစ်ပါတယ်။

✅ ဒါပေမဲ့ အလွန်အကျွံစိတ်ဖိစီးမှုတွေခံစားရတာ တဖြည်းဖြည်းကြာလာတဲ့အခါ နေ့စဉ်ဘဝရဲ့ လုပ်ငန်းဆောင်တာတွေမှာပါ အနှောင့်အယှက်ဖြစ်လာပြီး ပုံမှန်လုပ်ငန်းဆောင်တာများပါ ကျဆင်းလာတတ်သည်ဟု သုသေသန ဂျာနယ်တွေက ဆိုထားပါတယ်။

✅ စိတ်ဖိစီးမှုဒဏ်ကို ခံစားနေရတဲ့သူတွေဟာ စိတ်ဓါတ်ကျလာခြင်း၊ စိတ်တိုစိတ်ဆိုးလွယ်ခြင်းစသည့် လက္ခဏာများ တောက်လျှောက်အဖြစ်များတတ်ပြီး မိမိကိုယ်ကိုထိခိုက်အောင်လုပ်ခြင်း၊ နာတာရှည်ရောဂါများ ဖြစ်ခြင်းစသည့် နောက်ဆက်တွဲဆိုးကျိုးများကိုပါ ခံစားလာရသည့်အတွက် နောက်ဆုံးတွင်မိမိကိုယ်ကိုအဆုံးစီရင်သည်အထိ ဖြစ်တတ်ကြပါတယ်။

✅ ဒီလိုစိတ်ဖိစီးမှုတွေကိုလျှော့ချနိုင်ဖို့အတွက် ကိုယ်လက်လေ့ကျင့်ခန်းများလုပ်ဆောင်ခြင်း၊ မိမိဝါသနာပါရာကို လုပ်‌ဆောင်ပြီးစိတ်အပန်းဖြေခြင်း၊ ခရီးသွားခြင်း၊ အကောင်းမြင်စိတ်ကိုမွေးမြူခြင်း၊ ကျန်းမာသော အစားအစာများကိုသာစားသုံးခြင်းနှင့် ကောင်းမွန်စွာအိပ်စက်အနားယူခြင်းစသည်ဖြင့် စိတ်ဖိစီးမှုဒဏ်တွေကို သက်သာအောင်လုပ်ဆောင်ကြပါတယ်။

ဤအစီအစဉ်ကို International Stress Awareness Day အထိမ်းအမှတ်အနေဖြင့် သတိပြုစရာ စိတ်ဖိစီးမှုဝေဒနာ အကြောင်းကျန်းမာရေးဗဟုသုတရစေရန်ရည်ရွယ်၍ B-active မှပံ့ပိုးကူညီပေးထားပါတယ်။

#InternationalStressAwarenessDay
#stress #depression #angry #rest
#positiveattitude #exercise #travel #Bactive

References:

1. Awareness Days. (2024). 2024. [online] Available at: https://www.awarenessdays.com/awareness-days-calendar/international-stress-awareness-week-2024/ [Accessed 29 Oct. 2024].

2. Bui, T., Zackula, R., Dugan, K. & Ablah, E., 2021. Workplace Stress and Productivity: A Cross-Sectional Study. , pp. 42-45.

3. Grasaas, E. et al., 2022. The relationship between stress and health related quality of life and the mediating role of self efficacy in Norwegian adolescents: a cross sectional study. , pp. 1-9.