World Alzheimer Day 2024

World Alzheimer Day 2024

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၁) ရက်ဟာ ကမ္ဘာ့အယ်လ်ဇိုင်းမား သတိမေ့ရောဂါနေ့  (World Alzheimer Day) ဖြစ်ပါတယ်။

ဒီနှစ် World Alzheimer Day ရဲ့ဆောင်ပုဒ်ကတော့ “Know Dementia, Know Alzheimer’s” ဖြစ်ပါတယ်။

အယ်လ်ဇိုင်းမား ရောဂါဆိုတာ အသက်ကြီးလာရင် ဦးနှောက်ကျုံ့သွား သေးသွားပြီး ဦးနှောက်ဆဲလ်လေးတွေ သေသွားလို့ အာရုံကြော ဖြည်းဖြည်းချင်း ထိခိုက်တဲ့ရောဂါတစ်မျိုး ဖြစ်ပါတယ်။

အဓိက ကတော့ မှတ်ဉာဏ်ပျောက်ဆုံးလာတာပါပဲ။ အတွေးတွေ မစုစည်းနိုင်တာ၊ မမှတ်မိတာတွေ ဥပမာ – မေးခွန်းတွေထပ်ခါထပ်ခါမေးတာ၊ ပြောပြီးသားတွေ ထပ်ခါထပ်ခါပြောတာ၊ စိတ်တက်ကြွမှုမရှိ‌တာ၊ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို မလုပ်နိုင်တော့တဲ့အထိ ဖြစ်တတ်ပါတယ်။

လက်ရှိအချိန်ထိတော့ တိကျတဲ့ကုသမှုတွေ မရှိသေးပါဘူး။ ဒါပေမယ့် ရောဂါကို စောစောသိရချင်း ပံ့ပိုးမှုတွေပေးမယ်ဆိုရင်တော့ ရောဂါဆိုးရွားမှုကို လျော့နည်းစေမှာပါ။

အစားအသောက်၊ ဆေးဝါး၊ ကိုယ်လက်လှုပ်ရှားမှု နှင့် လူမှုဆက်ဆံရေးများ စတာတွေဟာ ရောဂါပိုဆိုးလာစေတဲ့နှုန်းကို နှေးအောင်ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

ဒီအစီအစဉ်ကို Mega3 မှ ကျန်းမာရေးဗဟုသုတ ရရှိစေရန် ရည်ရွယ်ပြီး တင်ဆက်ပေးထားခြင်း ဖြစ်ပါတယ်။

Mega3 မှာ DHA+EPA ပါဝင်တဲ့အတွက် ရောင်းရမ်းမှုဖြစ်စဉ်ကိုလျော့ကျစေပါတယ်။ မှတ်ဉာဏ် နဲ့ အာရုံစူးစိုက်မှုတွေကို ပိုမိုကောင်းမွန်စေနိုင်ပါတယ်။

Reference

Aleix Sala‐Vila, Tintle, N.L., Westra, J. and Harris, W.S. (2023). Plasma Omega-3 Fatty Acids and Risk for Incident Dementia in the UK Biobank Study: A Closer Look. , 15(23), pp.4896–4896

#WorldAlzheimer‘sDay #2024 #Mega-3 #KnowDementiaKnowAlzheimer‘s