World Menopause Day

World Menopause Day

 

✅ အောက်တိုဘာလ ၁၈ ရက်နေ့ဟာဆိုရင် World Menopause Day နေ့ ဖြစ်ပါတယ်။

 

✅ ဒီနှစ်ရဲ့ ဆောင်ပုဒ်ကတော့ Menopause Hormone Therapy (MHT) ဖြစ်ပြီး အဓိကရည်ရွယ်ချက်ကတော့ သွေးဆုံးကိုင်ရောဂါကို ဟော်မုန်းဖြင့် ကုသခြင်းအကြောင်းကို လူအများ ပိုမိုသိရှိနားလည်နိုင်စေဖို့ပဲ ဖြစ်ပါတယ်။

 

✅ ၂၀၂၁ ခုနှစ် ကမ္ဘာကျန်းမာရေးအဖွဲ့အစည်းကြီးရဲ့ အဆိုအရ သွေးဆုံးကိုင်အမျိုးသမီးဦးရေဟာ တဖြည်းဖြည်း များပြားလာနေပြီး တစ်ကမ္ဘာလုံးမှာရှိတဲ့ အမျိုးသမီးအားလုံးရဲ့ ၂၆ ရာခိုင်နှုန်းဟာ အသက် ၅၀ နှင့်အထက် (သွေးဆုံးခါနီးအရွယ်)မှာ ရှိနေကြပါတယ်။

 

သွေးဆုံးတယ်ဆိုတာ ဘာကို ပြောတာပါလဲ …

 

✅ အမျိုးသမီးတစ်ဦးဟာ ၁၂ လ ဆက်တိုက် ဓမ္မတာ၊ ရာသီသွေး မဆင်းတော့ဘူးဆိုရင် သွေးဆုံးပြီလို့ ပြောလို့ရပါတယ်။

 

✅ ဒီလိုသွေးဆုံးကိုင်ချိန်ရောက်တဲ့အခါ အမျိုးသမီးအများစုမှာ သွေးဆုံးကိုင်ခြင်းကြောင့် ဖြစ်တဲ့ စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေ၊ ရုပ်ပိုင်းဆိုင်ရာ ဝေဒနာတွေ နှင့် လူနေမှုအဆင့်အတန်း (Quality of Life) နည်းပါးမှုတွေကို ခံစားကြရပါတယ်။

 

သွေးဆုံးကိုင်ဝေဒနာတွေ သက်သာဖို့ ဘာကြောင့် Menopause Hormone Therapy ပေးဖို့ အရေးကြီးသလဲ…

 

✅ သွေးဆုံးကိုင်အမျိုးသမီးတွေမှာ MHT ဟော်မုန်းကုထုံးပေးခြင်းအားဖြင့် –

 

1. ခန္ဓာကိုယ်အနှံ့ ပူလိုက်အေးလိုက်ဖြစ်ခြင်း၊ ညဖက်ချွေးပြန်ခြင်း နှင့် မိန်းမကိုယ်ခြောက်သွေ့ခြင်း စတဲ့ သွေးဆုံးကိုင်ဝေဒနာတွေကို သက်သာစေခြင်း

 

2. အရိုးပွ၊ အရိုးပါးနှင့် အရိုးကျိုးခြင်းတွေကို ကာကွယ်ပေးခြင်း စတဲ့ အရိုးကျန်းမာရေးကို ကောင်းမွန်စေခြင်း

 

3. နှလုံးကျန်းမာရေးကို ကောင်းမွန်စေခြင်း စတာတွေကို ရရှိစေနိုင်ပါတယ်။

 

✅ ဒါပေမယ့် MHT ဟော်မုန်းကုထုံးက ကောင်းကျိုးများစွာ ရှိသော်လည်း MHT ဟော်မုန်းကုထုံးဆိုင်ရာ ဆိုးကျိုးတွေကို သတိပြုမိဖို့ အရေးကြီးပါတယ်။

 

✅ ၂၀၂၄ ခုနှစ် International Menopause Society ကြီးရဲ့ ပြောကြားချက်အရ MHT ဟော်မုန်းကုထုံး ခံယူနေတဲ့အမျိုးသမီးတွေမှာ ရင်သားကင်ဆာဖြစ်နိုင်ခြင်း၊ သွေးခဲခြင်း နှင့် လေဖြတ်ခြင်း စတဲ့ ဆိုးကျိုးတွေ ဖြစ်နိုင်ချေရှိကြောင်း ပြောကြားထားတာကို တွေ့ရပါတယ်။

 

ဒီနေ့မှာ ကျရောက်တဲ့ World Menopause Day နေ့မှစပြီး အမျိုးသမီးများအားလုံး သွေးဆုံးကိုင်ဝေဒနာတွေမှ ကင်းဝေးကြပါစေလို့ Menofem မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

 

Menofem မှာ သဘာဝအစွမ်းထက် Phytoestrogen တွေဖြစ်ကြတဲ့ Red Clover နှင့် Black Cohosh တို့အပြင် အရိုးကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ Calcium Carbonate နှင့် Magnesium Oxide တို့ပါဝင်တဲ့အတွက် သွေးဆုံးကိုင်ဝေဒနာတွေကို သိသိသာသာ သက်သာစေရုံတင်မကပဲ သွေးဆုံးခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကိုပါ ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

 

References:

 

1. Anon., 2022. . [Online] 

Available at: https://www.who.int/news-room/fact-sheets/detail/menopause

[Accessed 15 October 2024].

 

2. Anon., 2024. (). [Online] 

Available at: https://www.imsociety.org/education/world-menopause-day/?v=b3cd915d7580#whitepaper

[Accessed 15 October 2024].

 

#worldmenopauseday

#menofem

#redclover #blackcohosh

#Zifam #CaringforWellbeing