Zifam Customer Party 2019 (Magway)ကျင်းပပြုလုပ်ခဲ့သော အမှတ်တရပုံရိပ်များ…

📌 Zifam ကုမ္ပဏီကို အစဉ်တစိုက်အားပေးလျှက်ရှိသော မကွေးတိုင်းဒေသကြီးအတွင်းမှ Customer များကို ကျေးဇူးတင်ဂုဏ်ပြုသောအားဖြင့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၆) ရက်နေ့ တွင်ညနေ (၆) နာရီအချိန်မှ ည (၁၀) နာရီအချိန်အထိ မကွေးမြို့ရှိ မြို့တော်ခန်းမ၌ Zifam Customer Party ပွဲကိုကျင်းပပြုလုပ်ခဲ့ပါသည်။

📌 အဆိုပါ Zifam Customer Party တွင် Zifam ကုမ္ပဏီ၏ General Manager ဒေါက်တာသန်းဌေးအောင် မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

📌 ထို့နောက်ပွဲကို မကွေးတိုင်းဒေသကြီးအတွင်းမှ ရောင်းအားအကောင်းဆုံး Customer (၁၀) ဦးကို ဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့ပြီး၊ ပွဲကိုတက်ရောက်လာသည့် Customer များနှင့်အတူ ပျော်ရွှင်စရာဂိမ်းအစီအစဉ်များ၊ Lucky Draw အစီအစဉ်များလည်းပြုလုပ်ခဲ့ပါသည်။

📌 အဆိုပါပွဲသို့ တက်ရောက်လာကြသည့် Customer များကိုညစာဖြင့်တည်ခင်းဧည့်ခံခဲ့ပြီး နိုင်ငံကျော်တေးသံရှင် ကော်နီနှင့် ဇော်ပိုင်တို့မှ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခြင်း၊ အလင်းသစ်မြန်မာမှုအကအဖွဲ့မှ မြန်မာမှုအကများဖြင့် ကပြဖျော်ဖြေခြင်းအစီအစဉ်များလည်းပါဝင်ခဲ့ပါသည်။

#Zifam #CaringforWellbeing