Zifam Customer Party 2019 (Mawlamyine)ကျင်းပ…

📌 Zifam ကုမ္ပဏီကို အစဉ်တစိုက်အားပေးလျှက်ရှိသော မော်လမြိုင်မြို့နှင့် မွန်ပြည်နယ်၊ကရင်ပြည်နယ်အနီးတဝိုက်ဒေသများရှိ Dealer နှင့် Customerများကိုကျေးဇူးတင်ဂုဏ်ပြုသောအားဖြင့် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ (၂၃) ရက်နေ့တွင် မော်လမြိုင်မြို့ရှိ Strand Hotel တွင် Zifam Customer Partyကိုကျင်းပပြုလုပ်ခဲ့ပါသည်။

📌 အဆိုပါ Zifam Customer Party တွင် Zifam ကုမ္ပဏီ၏ General Manager ဒေါက်တာသန်းဌေးအောင် မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ တက်ရောက်လာသည့် Customer များထဲမှ ရောင်းအားအကောင်းဆုံး Customerများကို ဂုဏ်ပြုလက်ဆောင်များပေးအပ်ခြင်းအစီအစဉ်များ၊ ပွဲတက်ရောက်လာသည့် Customer များကို ကံစမ်းမဲဖောက်ပေးသည့်အစီအစဉ်များလည်းပါဝင်ခဲ့ပါသည်။

📌 အဆိုပါပွဲသို့ တက်ရောက်လာကြသည့် Dealer နှင့် Customerများကိုညစာဖြင့်တည်ခင်းဧည့်ခံခဲ့ပြီး နိုင်ငံကျော်တေးသံရှင်ကော်နီ၊ တေးသံရှင်အားတီ၊ တေးသံရှင် ဆုထက်လှိုင်တို့မှ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြပါသည်။
#Zifam #CaringforWellbeing