အခုချိန်ဟာ အပူချိန်လွန်ကဲနေပြီး COVID19 ရောဂါပိုးကူးစက်ပျံ့ပွားနေတဲ့အချိန်ဖြစ်တဲ့အတွက် ဖြစ်နိုင်ရင် 🏠အိမ်ထဲမှာပဲနေသင့်ပါတယ်။ မဖြစ်မနေအိမ်အပြင်ထွက်ရပြီဆိုလျှင်လည်း Mask တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသော ဆောင်ရန်/ရှောင်ရန်များကိုလိုက်နာကျင့်သုံးဖို့အကြံပြုတိုက်တွန်းအပ်ပါတယ်။
လိုက်နာဆောင်ရွက်ရန်အချက်များ
======================
📌 အရိပ်ရ၍ အေးမြသောနေရာတွင်သာနေပါ။
📌 မိမိ၏အသားကို နေရောင်ခြည်နှင့်တိုက်ရိုက်အထိတွေ့စေရန် လက်၊လည်ပင်းနှင့် ပုခုံးတို့ကိုပါလုံခြုံသော အရောင်ဖျော့သည့် ပွပွချောင်ချောင်ချည်ထည်များကိုဝတ်ဆင်ပါ။
📌 နေ့ခင်းနေ့လည်အပြင်သွားပါက ထီး၊ ဦးထုပ်ဆောင်းပါ။
📌 ရေများများသောက်ပါ။
ရှောင်ကြဉ်ရန်အချက်များ
=================
📌 နံနက်(၁၀)နာရီမှ ညနေ(၅)နာရီအတွင်း နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်းကိုတတ်နိုင်သမျှ ရှောင်ကြဉ်ပါ။
📌 ပူပြင်းသည့်နေရောင်အောက်တွင် အလုပ်လုပ်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။
📌 နေပူထဲမှပြန်လာပြီး ချက်ခြင်းရေချိုးခြင်းကို ရှောင်ကြဉ်ပါ။
📌 ပူပြင်းသောနေရောင်အောက်မှ အလွန်အေးသောအခန်းနှင့် ကားအတွင်းသို့ ချက်ခြင်းဝင်ရောက်ခြင်း၊ အလွန်အေးသောအခန်းနှင့်ကားအတွင်းမှ ပူပြင်းသောနေရောင်ထဲသို့ ချက်ခြင်းထွက်ခြင်းတို့ကို ရှောင်ကြဉ်ပါ။
📌 အရက်သေစာသောက်စားခြင်းကို ရှောင်ကြဉ်ပါ။
အထက်ဖော်ပြပါ လိုက်နာရမည့်အချက်များနှင့် ရှောင်ကြဉ်ရမည့်အချက်များကို လိုက်နာကျင့်သုံးခြင်းဖြင့် ☀️ အခုလိုပူပြင်းတဲ့ရာသီဥတုအချိန်မှာ အပူဒဏ်ကြောင့်ပင်ပန်းနွမ်းနယ်ခြင်း (Heat Exhaustion) နှင့် အပူဒဏ်ကြောင့်သတိလစ်ခြင်း (Heat Stroke) စတဲ့မလိုလားအပ်တဲ့ကျန်းမာရေးအခြေအနေများမှကင်းဝေးပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
Credit- Ministry of Health and Sports, Myanmar Facebook Page