Weight Care
အဝလွန်ခြင်းကိုကာကွယ်နိုင်ဖို့ ဘယ်လိုအစားအစာတွေစားသင့်လဲ

📌 ကိုယ်အလေးချိန်ကို ထိန်းမယ်သူတွေဟာ နေ့စဉ် စားသုံးနေတဲ့ အစားအစားတွေ ထဲမှ ကယ်လိုရီများတဲ့ အစားအစာတွေကို လျော့စားဖို့ လိုအပ်ပါတယ်။ ဒါမှ အဝလွန်ခြင်းကို ကောင်းကောင်း ထိန်းထားနိုင်မှာပါ။

📌ကိုယ်အလေးချိန်ထိန်းသိမ်းဖို့..ကျန်းမာရေးနဲ့မညီညွတ်တဲ့အစားအစာတွေ၊ Junk Foodတွေကိုရှောင်ပါ

🎯အ၀လွန်ခြင်းကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေထဲမှာ ကျန်းမာရေးနဲ့မညီညွတ်တဲ့အစားအသောက်တွေ၊ အသင့်စားအစားအသောက်(Junk Food/ Fast Food) တွေစားသုံးခြင်းကလည်းတစ်ခုအပါအ၀င်ဖြစ်ပါတယ်။

ပိန်ချင်တယ်..အစားတော့မလျော့ချင်ဘူး….ဒါဆိုရင်….

🎯နောက်ဆုံးတွေ့ရှိချက်တွေအရ ကစီဓာတ် (Carbohydrate)လျော့စားသူတွေဟာ အဆီ(Fat)လျော့စားသူတွေထက် ကိုယ်အလေးချိန်ပိုမို ထိရောက်မြန်ဆန်စွာလျော့ချ နိုင်တယ်လို့ဆိုပါတယ်။

🎯Carbohydrateဟာ ဆန် ဂျုံ စတာတွေမှာ အဓိကပါဝင်နေတာကြောင့် ထမင်းကို အဓိကစားသုံးတဲ့မိမိတို့မြန်မာတွေအတွက် ဒီအချက်ကအရေးကြီးပါတယ်။

Fruit and Weight Loss
📌အသီးစားပြီးဝိတ်ချတော့မယ်ဆိုရင်….ဒါတွေသိထားပါ

📌လူတော်တော်များများက ထမင်းစားပြီးရင် အချိုတည်းတဲ့အနေနဲ့ သစ်သီးစားသုံးကြပါတယ်။ သစ်သီးစားတာဟာ ၀ိတ်ကျဖို့အထောက်အကူပြုပါတယ်။ ဒါပေမယ့် ဘယ်အချိန်စားရင်အကောင်းဆုံးလဲဆိုတာတော့သိဖို့လိုပါတယ်။

📌ထမင်းမစားခင် / Calorieများတဲ့အစားအစာတွေမစားခင်နဲ့ စားနေတဲ့အချိန်တွေမှာ သစ်သီးစားသုံးသင့်ပါတယ်။

Exercise
ကိုယ်လက်လှုပ်ရှားမှုနေ့စဉ်ပြု

ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပေးခြင်းဖြင့်…
📌ကိုယ်အလေးချိန် အ၀မလွန်အောင်ထိန်းသိမ်းမှုကိုလည်းအထောက်အကူဖြစ်စေတယ်။
📌နှလုံးသွေးကြောများ ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေတယ်။