Zifam မိသားစု စုပေါင်းသွေးလှူပွဲ (ရန်ကုန်)

Zifam မိသားစု စုပေါင်းသွေးလှူပွဲ (ရန်ကုန်)

၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၄) ရက်နေ့မှာကျရောက်တဲ့ ကမ္ဘာ့သွေးလှူရှင်များနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယနေ့ဇွန်လ (၁၂) ရက်နေ့တွင် မြန်မာတစ်နိုင်ငံလုံးရှိ Zifam ကုမ္ပဏီဝန်ထမ်းများမှ မိမိတို့ သက်ဆိုင်ရာမြို့များအလိုက် သွေးလှူဒါန်းမှုများကိုစုပေါင်းပြုလုပ်ခဲ့ကြပါတယ်။

ယနေ့ ဇွန်လ (၁၂) ရက်နေ့တွင် ဗဟိုအမျိုးသားသွေးလှူဘဏ်၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ နံနက်(၉း၀၀) နာရီမှ နေ့လည် (၁၂း၀၀) နာရီအထိ ရန်ကုန်မြို့ Zifam ကုမ္ပဏီမှဝန်ထမ်းများစုပေါင်းသွေးလှူဒါန်းခဲ့သော ပုံရိပ်များကိုတင်ဆက်ပေးလိုက်ပါတယ်။

အဆိုပါသွေးလှူပွဲကို Zifam ကုမ္ပဏီစီးပွားဖက်မိတ်ဆွေ၊ဆေးဆိုင်များမှလည်း ပူးပေါင်းပါဝင်လှူဒါန်းခဲ့ကြပါတယ်။