Zifam Facebook Fan Blood Donation

Zifam Facebook Fan Blood Donation

Zifam Facebook fan များစုပေါင်းပြီး၂၀၁၉ ခုနှစ် ဇွန်လ (၁၄) ရက်နေ့မှာကျရောက်တဲ့ ကမ္ဘာ့သွေးလှူရှင်များနေ့အထိမ်းအမှတ်အဖြစ် ယနေ့ ဇွန်လ (၁၅) ရက်နေ့တွင် ဗဟိုအမျိုးသားသွေးလှူဘဏ်၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ပထမဆုံးအကြိမ် သွေးလှူဒါန်းပွဲကိုဆင်နွှဲခဲ့ပါတယ်။

အဆိုပါပွဲမှ Zifam Facebook Fan များစုပေါင်းပြီး သွေးလှူဒါန်းခဲ့ပုံများကို ဝမ်းမြောက်ပီတိဖြစ်နိုင်အောင် တင်ဆက်ပေးလိုက်ပါတယ်။ သွေးလှူဒါန်းပွဲတွင် ပါဝင်လှူဒါန်းခဲ့ကြတဲ့ Fan တစ်ဦးချင်းစီကို Zifam မှ လှိုက်လှိုက်လှဲလှဲကျေးဇူးအထူးတင်ရှိပါတယ်။

ယနေ့သွေးလှူပွဲမှာအဆင်မပြေမှုတစ်စုံတစ်ရာရှိခဲ့ရင်လည်းနားလည်ခွင့်လွှတ်ပေးဖို့ အနူးအညွတ်တောင်းပန်အပ်ပါတယ်။ နောက်ထပ်လည်း Zifam FB Fan များစုပေါင်းပြီးကောင်းမှုကုသိုလ်တွေပြုလုပ်တဲ့အခါ ပါဝင်ပေးကြဖို့ Fan များအားလုံးကိုမေတ္တာရပ်ခံအပ်ပါတယ်။